စီတန်းလှည့်လည်သော ဓုတင်ဆောင်သံဃာ အပါး(၁၂၅၀)သည် ဓမ္မကာယတရားမြတ်ကို ပြန်လည်တွေ့ရှိတော်မူသော ကျေးဇူးတော်ရှင် မူလဆရာတော်ဘုရားကြီး ဦးမွန်ခွန်ထေမုနိ (ဆုဒ်စန္ဒသာရော)၏ လမ်းစဉ်နောက်သို့ လိုက်ကြသည်။
ရဟန်းဘဝသည် အမွန်မြတ်ဆုံးသော အမြင့်မြတ်ဆုံးသော ဘဝဖြစ်သည်။ လူဘဝ၏ ဆင်းရဲဒုက္ခနှင့် သံသရာဝဋ်ဆင်းရဲကို နားလည်သူတို့အတွက် အတုယူဖွယ် စံနမူနာယူဖွယ်ဘဝ လည်းဖြစ်သည်။ လူဝတ်ကြောင်ဘဝသည် အိမ်ထောင်ရေးတာဝန်များကြားတွင် လုံးပန်းနေရသောကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရားနှင့် ကုသိုလ်ကောင်းမှုပြုရန်အတွက် အချိန်ပေးရန် မလွယ်ကူပေ။
ထို့ကြောင့် ရဟန်းဘဝသည် လောကီဘောင်ကို စွန့်လွှတ်ထားသော ဘဝဖြစ်သောကြောင့် ပူပန်ခြင်း တွယ်တာခြင်းမှ လွတ်မြောက်နိုင်၏။ ရဟန်းတို့၏ အပြုအမူ, အပြောအဆို, အတွေးအခေါ်များသည် ဂုဏ်သိက္ခာပိုင်းတွင် ဣန္ဒြေရှိပြီး ယဉ်ကျေးသည်။ ရဟန်းတို့သည် သီလ(ကိုယ်ကျင့်သီလ)၊ သမာဓိ(အာရုံစူးစိုက်မှု)၊ ပညာ(အသိပညာ) သုံးပါးကို ကြိုးစားအားထုတ်နေကြသည်။